ဘယ်လဂျီယံနိုင်ငံမှာ ကိုကင်း ၁၁.၅ တန်ဖမ်းဆီးရရှိ

၆ နိုဝင်ဘာ

 

ဘယ်လဂျီယံနိုင်ငံမှာ ကုန်သေတ္တာတွေထဲမှာ ဖွက်ထားတဲ့ ကိုကင်း ၁၁.၅ တန် ကို ရဲတပ်ဖွဲ့ဖမ်းဆီးခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ကြေညာပါတယ်။

 

အန့်ဝက်ပ်ကမ်းရိုးတန်းကို တောင်အမေရိက ကရောက်ရှိလာတဲ့ ကုန်သေတ္တာတွေငါးခု ကို အောက်တိုဘာ ၂၇ ရက်နေ့က ရှာဖွေခဲ့ရာမှ ကိုကင်းတွေ တွေ့ရှိခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ကိုကင်းတွေရဲ့ တန်ဖိုးမှာ ယူရိုငွေ သန်း ၄၅၀ (အမေရိကန်ဒေါ်လာ ၅၂၅ သန်း) တန်ဖိုးရှိကြောင်း၊ မှောင်ခိုဈေးကွက်မှာ ခန့်မှန်းတန်ဖိုးရဲ့ နှစ်ဆ ဖြစ်နိုင်ကြောင်း သိရပါတယ်။

 

အန့်ဝက်ပ် ကမ်းရိုတန်းဟာ ဉရောပရဲ့ ဒုတိယအကြီးဆုံး ကမ်းရိုးတန်းဖြစ်ပြီး တောင်အမေရိက နဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ဉရောပကို ကိုကင်းဝင်တဲ့ အဓိက လမ်းကြောင်းဖြစ်ကြောင်း သိရပါတယ်။

 

တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂိုင်ယာနာ နိုင်ငံကနေ ကိုကင်းတွေ့ရှိတဲ့ ကုန်တင်သေတ္တာတွေ ရောက်ရှိ လာရောက်ကြောင်း အဲဒီသေတ္တာတွေရဲ့ နောက်ဆုံး ဆိပ်ကမ်းဟာ နယ်သာလန်နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

 

နယ်သာလန်နဲ့ ဘယ်လဂျီယံနိုင်ငံတွေမှာ ရှာဖွေမှုတွေပြုလုပ်စဉ်မှာ ဘယ်လဂျီယံမှာ နှစ်ဦး၊ နယ်သာလန်မှာ တစ်ဦး တို့ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်နွှယ်သူတွေကို စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ သံသယရှိသူ ၂၂ ဦးကို ယူရိုငွေ ၃ သန်းနဲ့အတူ ဖမ်းဆီးရရှိထားကြောင်း၊ ဖမ်းဆီးခံထားရသူတွေထဲမှာ ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းတစ်ဦးနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ ၃ ဦးပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

အန့်ဝက်မြို့နဲ့ အိမ်နီးချင်း လင်းဘတ်ပြည်နယ်ဟာ မူးယစ်ဆေး ရောင်းဝယ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဗုံးထောင်တိုက်ခိုက်ခြင်း နဲ့ လူသတ်မှုတွေ ဆက်နွှယ်ရာ နေရာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP