ဘရာဇီးနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၃၇ ဦး ရှိလာ

၂၇ ဇန်နဝါရီ

 

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၃၇ ဦးရှိပြီဖြစ်ကြောင်း အရပ်သားအဖွဲ့ ကာကွယ်ရေးအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် သောကြာနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အများအားဖြင့် ဘီလို ဟော်ရီဇွန်တီ နှင့် မီထရိုပိုလီတန် မြို့တော်ဒေသတွင် လူ ၂၁ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း မီနတ်စ် ဂျီရစ်ပြည်နယ် အရပ်သားအဖွဲ့ ကာကွယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

နောက်ထပ် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၁၃၆၈၇ ဦး ကို ကယ်ဆယ်ခဲ့ပြီး ၃၃၅၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည် ဟု ဖော်ပြထားသည်။

 

ရေလွှမ်းမိုးခဲ့သော ဒေသများကို လူသားချင်းစာနာသော အကူအညီများ ပေးပို့ရန် အစိုးရအုပ်ချုပ်ရေးမှူး ရိုမူ ဇီမာ က ကတိပြုပြောကြားခဲ့သည်။

 

ဘရာဇီး အမျိုးသား မိုးလေဝသသိပ္ပံဌာန၏ ပြောကြားချက်အရ ဘီလို ဟော်ရီဇွန်တီ မြို့သည် ပြီးခဲ့သည့် သောကြာနေ့က မိုးရေချိန်မှာ ၂၄ နာရီအတွင်း ၁၇၁ ဒသမ ၈ မီလီမီတာ စံချိန်တင်ခဲ့ကြောင်း၊ နှစ်ပေါင်း ၁၁၀ အတွင်း မိုးရွာသွန်းမှု အမြင့်ဆုံးပမာဏရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို