ဘရာဇီးနိုင်ငံ အမေဇုံမြစ်တွင် သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့မှုကြောင့်  သေဆုံးသူ ၁၃ ဦးအထိ ရှိလာ

၃ မတ်

 

ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုံမြစ်တွင် ပြီးခဲ့သည့် စနေနေ့က သင်္ဘောတစ်စင်း မတော်တဆနစ်မြုပ်မှုကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ယမန်နေ့က ပြောကြားခဲ့သည်။

 

ပြည်နယ်မြို့တော် မာကာပါ မှ ပါရာပြည်နယ် စန်တာရမ်မြို့သို့ သွားရောက်သည့် ၃၆ နာရီကြာ ခရီးစဉ်တွင် ခရီးသည်များနှင့်ကုန်ပစ္စည်းများတင်ဆောင်လာသော သင်္ဘောတစ်စင်းသည် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းများနှင့်အတူ မုန်တိုင်း တိုက်ခတ်မှုကြောင့် အမာပါပြည်နယ်တွင် စနေနေ့က နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

 

ဒေသန္တရမီးသတ်ဌာန၏ ပြောကြားချက်အရ ထိုသင်္ဘောပေါ်တွင် ခရီးသည်များစာရင်းမရှိသော်လည်း လူ ၆၀ နှင့် ၇၀ အကြား လိုက်ပါသည်ဟု ယူဆရသည်။

 

ကယ်ဆယ်ရေးအဖွဲ့သည် အသက်ရှင်ကျန်ရစ်သူ ၄၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ယခုချိန်အထိ လူသေအလောင်း ၁၃ လောင်းကို ဆယ်ယူရရှိခဲ့သည်။

 

ရေငုပ်သမားများနှင့် ရဟတ်ယာဉ်နှစ်စင်းတို့ဖြင့်လုပ်ဆောင်နေသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ရန် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်းနှင့်  ဘရာဇီးရေကြောင်းတပ်ဖွဲ့ဝင်များက လိုလားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို