ဘန်ကောက်လေဆိပ်မှာ တာဝန်ကျနေတဲ့ လူဝန်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းတွေမှာ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိ

၁၁ မတ်

ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ တာဝန်ကျနေတဲ့ လူဝန်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းနှစ်ဦးမှာ ကိုဗစ်-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ အဲဒီဝန်ထမ်းနှစ်ဦးဟာ ခရီးသည်တွေရဲ့ နိုင်ငံကူးလက်မှတ် စစ်ဆေးသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ ပြောကြားပါတယ်။

 

အဲဒီဝန်ထမ်းနှစ်ဦးဟာ မတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ နေမကောင်းဖြစ်ကြရာ အဲဒီရက်မတိုင်မီက ရောက်ရှိတဲ့ ခရီးသည်တွေနဲ့ တွေ့ထိခဲ့နိုင်ကြောင်း၊ သူတို့နှစ်ဦးလုံးက တစ်နေရာတည်းမှာ အလုပ်လုပ်သူများ မဟုတ်ကြောင်း ရောဂါပိုးထိန်းချုပ်ရေးဌာန ကပြောပါတယ်။

 

ရောဂါကူးစက်မှုဟာ နိုင်ငံခြားသားတွေနဲ့ ထိမိခြင်း သို့မဟုတ် နိုင်ငံကူးလက်မှတ်ကနေ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း သိရပါတယ်။

 

ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့် ဗီဇာမလိုတဲ့ တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ အီတလီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေ၊ ဆိုက်ရောက်ဗီဇာနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်နိုင်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အပါအဝင် နိုင်ငံ ၁၈ နိုင်ငံခရီးသွားတွေကို ဗီဇာ ပိတ်ပင်လိုက်ပါတယ်။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်လိုသူများ အနေနဲ့ သက်ဆိုင်ရာနိုင်ငံရှိ ထိုင်းသံရုံးတွေမှာ ပြည်ဝင်ခွင့် လျှောက်ရန်လိုအပ်ကြောင်း ပြည်ဝင်ခွင့် လျှောက်လွှာနဲ့အတူ ကျန်းမာရေးထောက်ခံစာပါ ပါရှိရန်လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ဒီနေ့ပြောကြားပါတယ်။

 

ကိုဗစ်-19 ဗိုင်းရပ်စ်ပိုးကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဆုံးရှုံးမှု ဖြစ်ကြောင်း သိရပါတယ်။

 

မတ်လ ၁၁ ရက်နေ့ထုတ်ပြန်တဲ့စာရင်းအရ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၅၃ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိကြောင်း သိရပါတယ်။

MDN
ကိုးကား- AFP