ဘင်္ဂလားဒေ့ရှ်တွင် ရထားနှစ်စင်း မျက်နှာချင်းဆိုင် တိုက်မိရာ ၁၂ ဉီးသေ၊ ၂၈ ဉီး ဒဏ်ရာရရှိ

၁၂ နိုဝင်ဘာ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏ အရှေ့မြောက်ဘက် ၁၀၉ ကီလိုမီတာအကွာ ဗြဟ္မနဘရားခရိုင်၌ ခရီးသည်တင် ရထားနှစ်စင်း မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားရာ လူပေါင်း ၁၂ ဉီး သေဆုံးခဲ့ပြီး ၂၈ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အဆိုပါ မတော်တဆမှုသည် ယနေ့နံနက် ဒေသစံတော်ချိန် ၂ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ခရိုင်မှ ရဲချုပ်  Mohammad Anisur Rahman က မတော်တဆမှုအတွင်း သေဆုံးမှုများ ရှိခဲ့ ကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ အရေအတွက် မြင့်တက်လာမည်ဟု ပြောကြားခဲ့သည်။

 

ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

အဆိုပါ မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို စုံစမ်းလျက်ရှိသည်ဟု ဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်