ဘိုလီးဗီးယားကျန်းမာရေးဝန်ကြီးမှာ ကိုရိုနာရောဂါပိုးတွေ့ရှိ

၆ ဇူလိုင်

 

ဘိုလီးဗီးယားနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး အီဒီ ရိုကာ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ကြားဖြတ်သမ္မတ ဂျင်နိုင်း အန်းနက်ဇ် က ကြောညာလိုက်ပါတယ်။  လေးရက်အတွင်းမှာ ကျန်းမာရေးဝန်ကြီးဟာ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ ဘိုလီးဗီးယား အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဖြစ်လာကြောင်း သိရပါတယ်။

 

သမ္မတ အန်းနက်ဇ်က သူမရဲ့ကျန်းမာရေးဝန်ကြီးက စာနာကြောင်းနဲ့ ဘိုလီးဗီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုဟာ ပိုများလာကြောင်း၊ အခုဆိုရင် လူပေါင်း ၃၈,ဝ၇၁ ဦးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး သေဆုံးသူ ၁,၃၇၈ ဦးရှိကြောင်း တွစ်တာမှာရေးသားထားပါတယ်။

 

သမ္မတရုံးဆိုင်ရာ ဝန်ကြီး ရာကို နူနက်ဇ်ဟာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့အတွက် ဆေးရုံတက်ရောက်ကုသခံယူနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

သတ္တုတွင်းဝန်ကြီးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ပြီးခဲ့တဲ့ စနေနေ့က သတင်း ထုတ်ပြန်ပါတယ်။

 

မိသားစုဝင်တွေ သို့မဟုတ် အနီးကပ်ရှိသူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တဲ့အတွက် ဘိုလီးဗီးယားဝန်ကြီးအချို့ဟာ မတ်လဆန်းကစပြီး သီတင်းနှစ်ပတ် သီးခြား စောင့်ကြည့်မှုအောက်မှာ နေထိုင်ခဲ့ရပါတယ်။

 

MDN

ကိုးကား - AFP