ဘိုကလေးမြစ်ဝ မြစ်အတွင်း ငါးကောင်ရေ ၁၀ သိန်းကျော် ငါးမျိုးစိုက်ထည့် 

ဘိုကလေး  ၇  မတ် 


ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြေးတိုင်အင်းများ၏ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက သဇင်ငူရွာထိပ် ဘိုကလေးမြစ်ဝ မြစ်အတွင်း ကျင်းပခဲ့သည်။

 

1


အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ဘိုကလေးမြို့နယ်  လွှတ်တော်ကိုယ်စားလှယ်များရုံးမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ငါးတန် ငါးအကောင်ရေ (၆)သိန်းကျော်နှင့် ငါးပြေမအကောင်ရေ (၄)သိန်းကျော် စုစုပေါင်း ငါးကောင်ရေ (၁၀)သိန်းကျော် တို့အား ဘိုကလေးမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
    
ဘိုကလေး (ပြန်/ဆက်)

 

1