ဗဟိုအမျိုးသမီးဆေးရုံကြီးရန်ကုန်သို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်း

နေပြည်တော် ၁ ဧပြီ

 

ဗဟိုအမျိုးသမီးဆေးရုံကြီးရန်ကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် လိုအပ်သော ဆေးနှင့်ဆက်စပ်ပစ္စည်းများ လှူးဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီးတွင် ကျင်းပသည်။

 

လှူဒါန်းပွဲတွင် ဖြူစင်နှလုံးသား သူငယ်ချင်းများအဖွဲ့မှ ငွေကျပ် ၂၀၅၇၅၀၀ တန်ဖိုးရှိ ဆေးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ 95 activity group, တောင်ကြီးမှ မိတ်ဆွေများမှ ငွေကျပ်  ၇၈၄၀၀၀ တန်ဖိုးရှိ ဆေးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ပါမောက္ခ ဒေါက်တာ ကျော်ဇေယျ + ပါမောက္ခ ဒေါက်တာခင်လတ်မိသားစုမှ ငွေ​ကျပ်ဆယ်သိန်းတန်ဖိုးရှိ ဆေးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ပါမောက္ခ ဒေါက်တာခင်ပြုံးကြည်မှ ဆေးရုံဝန်းထမ်းများနှင့် လူနာများ တာဝန်ချိန်နှင့် ဆေးရုံတက်နေစဉ်အတွင်း နေရေးစားရေးအဆင်​ပြေရေးအတွက် ငွေကျပ်သိန်းနှစ်ဆယ်ကို လည်းကောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရီရီမြင့်