ဘောဂလိမြို့ဒေသအတွင်းရှိ မိုးသီးနှံများတွင် ပိုးမွှားရောဂါ ကျရောက်မှု ကင်းထောက်စစ်ဆေးခြင်းနှင့် နည်းပညာပေးခြင်းဆောင်ရွက်

ဘောဂလိ ၉  ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိမြို့ ဒေသအတွင်းရှိ မိုးသီးနှံများ ပိုးမွှားရောဂါကျ ရောက်မှုအတွက် (Scounting) ကင်းထောက်စစ်ဆေးခြင်းနှင့် နည်းပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးမှုးနှင့် ဝန်ထမ်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ လုပ်ငန်းတွင် မဲတင်းတိမ် ကျေးရွာရှိ တောင်သူတစ်ဦး၏ မိုးမြေပဲ စိုက်ခင်း၊ တောင်ယာ စိုက်ခင်း နှင့်မိုးစပါး စိုက်ခင်းတို့တွင် ပိုးမွှားရောဂါ ကျရောက်မှုမှ ကာကွယ်ရန် (Scounting) ကင်းထောက်စစ်ဆေးခြင်းနှင့်  နည်းပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့  ကြိုတင်ဆောင်ရွက်ခြင်းဖြင့် ပိုးမွှားရောဂါကျရောက်မှုများကို အချိန်မှီကာကွယ် ထိန်းသိမ်းနိုင်ပြီး ပိုးမွှားကျရောက်ပါက  ပိုးနှင့်ရောဂါကိုထိရောက်သည့် ပိုးသတ်ဆေးများဖြင့် အချိန်မီကုသနိုင်ပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ရေး၊ အရည်အသွေးကောင်းမွန်ရေးအတွက် အကျိးကျေးဇူးများ ရရှိကြောင်း ဘောဂလိမြို့စိုက်ပျိုးရေးဦးစီးမှူး ဦးနေဝင်းက  ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

နီလာအေး (ပြန်/ဆက်)

 

mdn