ဘာကီနာဖာဆိုနိုင်ငံ၌ အမည်မသိသေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး

ဘာကီနာဖာဆိုနိုင်ငံမြောက်ပိုင်း လိုရိုရမ်စီရင်စုတွင် ဗုဒ္ဓဟူးနေ့အတွင်းက အမည်မသိ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၃ ဉီးသေဆုံးခဲ့ကြောင်း  နိုင်ငံပိုင်သတင်းဌာန AIBက ဖော်ပြခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုသည် ပြည်နယ်၏ မြို့တော်ဖြစ်သည့် Titaoမြို့၏ အရှေ့ဘက် ၁၀ကီလိုမီတာအကွာBouna ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

54

 

 

ဘာကီနာဖာဆိုနိုင်ငံ၌ လုံခြုံရေးအခြေအနေများ ပိုမိုဆိုးရွားလာလျက်ရှိပြီး နေ့စဉ်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရလျက်ရှိပြီး မြောက်ပိုင်းဒေသများတွင် တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလျက်ရှိသည်။

 

ဘာကီနာဖာဆို တပ်မတော်က တစ်နိုင်ငံလုံး အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

ဘာကီနာဖာဆိုနိုင်ငံ၌ ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တပ်ဖွဲ့ဝင် ၂၀၀အပါအဝင် လူပေါင်း ၅၀၀ကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

 

ဘာသာပြန်-မေဇော်ထက်