ဘားအံနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၅ ဧပြီ

 

ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ကမ်းကြီးကမ်းလေးကျေးရွာအနီး လမ်းဘေးတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသူ ကျော်ခိုင်သိန်းအား စစ်ဆေးမေးမြန်းရှာဖွေရာ ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံးနှင့် အဆိုပါနေရာအနီးမှ သိုဝှက်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့နံနက် ၈ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု၊ မိုင်းလုံးကျေးရွာနေ မစန်းစန်းမြင့် (ခ)ဖုမိန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား