ဘားအံနှင့် ဗန်းမောက်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၁ ဩဂုတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာနေ လင်းလင်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကော့ကဒါကျေးရွာနေ စိန်နိုင်ဝင်း(ခ)ဇာတ်လိုက်၏ နေအိမ်တွင် ထပ်မံရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၁၀ ကို လည်းကောင်း၊ ဩဂုတ် ၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ဗန်းမောက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗန်းမောက်မြို့နယ်၊ မင်းကုန်းကျေးရွာနေ ခင်မောင်ထူး(ခ)ပလာတူး၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

ရဲပြန်ကြား