ဘားအံမြို့နယ်၌ ဆီသယ်ယာဉ်မှ ဆီပေပါများသို့ ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၁၄ ဒီဇင်ဘာ

 

ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအနီး ဘားအံ-သထုံကားလမ်းဘေး စက်သုံးဆီ အရောင်းဆိုင်ဝင်းအတွင်းရှိ စက်သုံးဆီဂိုဒေါင်၌ ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့၀င်များနှင့် ဘားအံမြို့မရဲစခန်းမှ တပ်ဖွဲ့၀င်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စစ်ဆေးချက်များအရ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာနေ ဆိုင်တာဝန်ခံ နိုင်ဝင်းအောင်(ခ)ဖိုးခွား (၃၄)နှစ်ပါ အလုပ်သမား ၃ ဦးသည် 4P/xxxx ၁၈ ဘီး ဆီသယ်ယာဉ်မှ ဆီပေပါများသို့ ဆီဖြည့်စဉ် အဖုံးပိတ်မထားသော ဆီဖြည့်ထားသည့် ပေပါအပူချိန် လွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၂ နာရီ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ပေပါခွံ ၂၈၇ လုံး၊ သွပ်မိုး/သွပ်ကာ ဆီဂိုဒေါင် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နိုင်ဝင်းအောင်(ခ)ဖိုးခွားအား ဘားအံမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN