ဘားအံ၊ပဲခူးနှင့်ကလောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်၊ ၁၆  ဇန်နဝါရီ 

ထုံးအိုင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၄ ရက်ည ၁၁ နာရီတွင်   ဘားအံမြို့နယ်၊ နောင်ထလုံးကျေးရွာအုပ်စု၊ နောင်ထလုံးကျေးရွာအနီး၊ လယ်ကွင်းထဲတွင် မသင်္ကာဖွယ် ရပ်တန့်ထားသော မော်တော်ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၁၂ ကိုလည်းကောင်း။

ထို့အတူ ဇန်နဝါရီလ ၁၅ ရက်နံနက်  ၁၀ နာရီ  ၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ သာယာကုန်း ကျေးရွာအုပ်စု၊ ဝမ်းဘော်ဓာတ်ကျေးရွာ၊ ကျောင်းလမ်းနေ ကျော်ကျော်လင်း၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွဆေးပြား ၁,၂၂၀ ကိုလည်းကောင်း။

အလားတူ ယင်းနေ့ညနေ ၆ နာရီတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်သွားကားလမ်း မိုင်တိုင်အမှတ်(၆၅/၃)တွင် ဆန်းထွန်းလင်း မောင်းနှင်ပြီး မအေးအေးကြူ လိုက်ပါလာသည့် မော်တော် ယာဉ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား