ဗစ်တိုးရီးယားဘက်ခမ်း၏ ဖက်ရှင်လုပ်ငန်းမှ ဝန်ထမ်းလျှော့ချမည်

  ဩဂုတ်

ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်လုပ်ငန်းကနေ ဝန်ထမ်းအင်အား ငါးပုံတစ်ပုံ လျှော့ချသွားမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်ဆိုင်တွေမှာ ရောင်းအားကျဆင်းလာပါတယ်။ ဗြိတိန်တစ်လွှား ကိုဗစ်- ၁၉ ရဲ့ ခြိမ်းခြောက်မှုကြောင့် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ဗစ်တိုးရီးယားရဲ့ လန်ဒန်က ဖက်ရှင်ဆိုင်ကို ပိတ်ထားခဲ့ရပါတယ်။

ကုန်ကျစရိတ်တွေကို ကာမိဖို့အတွက်လည်း တစ်နှစ်လုံးစာ ဖက်ရှင်စုစည်းမှု အရေအတွက်ကို ထက်ဝက် လျှော့ချသွားဖို့ ဗစ်တိုးရီးယားက စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “တခြားသော စီးပွားရေးလုပ်ငန်းတွေလိုပဲ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ လုပ်ငန်းတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုတွေရှိပါတယ်”လို့ The Mirror ကို ပြောကြားခဲ့ပါတယ်။

အနာဂတ်မှာ ထိရောက်မှုရှိပြီး အာမခံချက်ရှိမယ့် လုပ်ငန်းမျိုး တည်ထောင်သွားဖို့ ရှိပါတယ်။ လူဦးရေ လျှော့ချရတာကတော့ စိတ်မကောင်းစရာပါပဲလို့ သူက ဆက်ပြောပါတယ်။ ဗစ်တိုးရီးယားရဲ့ ဖက်ရှင်ပစ္စည်းတွေကို နာမည်ကျော်တွေက အားပေးကြပေမယ့် မကြာသေးမီ နှစ်အတွင်းမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျနီဖာလိုပက်ဇ်၊ လေဒီဂါဂါနဲ့ ဆာဆက်မြို့စားကတော်တို့ဟာ ဗစ်တိုးရီးယားရဲ့ ဖောက်သည်အဖြစ်ကနေ ကျောခိုင်းခဲ့ကြပါတယ်။

ဟယ်လို