အယ်လ်ဂျီးရီးယား စွမ်းအင် ကုမ္ပဏီနှင့် ရုရှား ကုမ္ပဏီ ရေနံပိုက်လိုင်း သယ်ယူပို့ဆောင်ရေး စာချုပ် ၂ ခု ချုပ်ဆို

အယ်လ်ဂျီးရီးယား စွမ်းအင်ကုမ္ပဏီ  ဆိုနာထရပ်နှင့် ရုရှား ပို့ဆောင်ရေး ကုမ္ပဏီ ထရန်နပ်တို့သည် ရေနံပိုက်လိုင်း သယ်ယူပို့ဆောင်မှု လုံခြုံမှု ရှိရန်အတွက် ရေနံပိုက်လိုင်း သယ်ယူပို့ဆောင်ရေး  သဘောတူစာချုပ် ၂ ခု ချုပ်ဆိုခဲ့ကြောင်း အေပီအက်စ် သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ချုပ်ဆိုထားသော  စာချုပ်၂ ခု အနက် ယူရို ၁ ဒသမ ၁၆ သန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂ သန်း) တန်ကြေးရှိ ပထမစာချုပ် မှာ ၁၈ လ ကြာမြင့်မည်ဖြစ်ပြီး ယူရို ၀ ဒသမ ၃ သန်းကျော် တန်ဖိုးရှိ ဒုတိယ စာချုပ်မှာ   ၆ လ ကြာမြင့်ဖွယ် ဖြစ်ကြောင်း သိရသည်။

ဆိုနာထရပ်၏ စီအီးအို  အာဒဲမိုမန် အိုလ် ကတ်ဒ်ဒေါ က ၎င်းကုမ္ပဏီ ၏မဟာဗျူဟာ အသစ်ဖြစ်သော  နည်းပညာအသစ် ရရှိရန်အတွက် နိုင်ငံခြား ကုမ္ပဏီများနှင့်  စာချုပ်ချုပ်ဆိုမှုကို အလေးထားဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

စာချုပ်ချုပ်ဆိုခြင်းသည် ဆိုနာထရပ်နှင့် ထရန်နပ် ကုမ္ပဏီနှစ်ခု အကြား ရှည်လျားသော ခင်မင်ရင်းနှီးမှု သမိုင်းအစ ဖြစ်မည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို