အုတ်ရှစ်ကုန်းကျေးရွာ၌ ဆိုလာပြားအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရေနံချောင်း  ၁၁   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာ၌ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဆိုလာပြားအပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

2

 

ဖြစ်စဉ်မှာ အုတ်ရှစ်ကုန်းကျေးရွာအနောက်ပိုင်းနေ ဦးတာပု၏သား ဦးမင်းမင်းထွန်း၏ နေအိမ်တွင် ဘက်ထရီအားသွင်းထားသော ဆိုလာပြားအပူလွန်ကဲပြီး အနီးရှိထရံမှတဆင့် မီးကူးစက်လောင်ကျွမ်းနေကြောင်း အုတ်ရှစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဖုန်းဖြင့်သတင်းပေးချက်အရ  မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် သုံးဦးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီးဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာသူ ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

အဆိုပါမီးလောင်မှုကြောင့် ၁၂ ပေ×၁၅ ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း တစ်ထပ်နေအိမ်တစ်လုံး၊ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ ဦးမင်းမင်းထွန်းအား ရေနံချောင်းမြို့နယ် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ရှိကြောင်း သိရသည်။

 

ကိုစိုးကြီး(ပြန်/ဆက်)