အုတ်ဖိုမြို့မဈေးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

အုတ်ဖို  ၂၆  မတ်

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့မဈေးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ဆေးဖျန်းခြင်းလုပ်ငန်းများကို နေ့စဉ် ညနေ ၅ နာရီ ဈေးပိတ်ချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ အသား၊ ငါးဆိုင်တန်းနေရာများကို အဓိကထား၍ ပက်ဖျန်းသွားမည်ဖြစ်ပြီး အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့မဈေးအတွင်း၌လည်း ပက်ဖျန်းသွားမည် ဖြစ်သည်။

 

ယခုကဲ့သို့ ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သော်လည်း ပုံမှန်ဈေးပိတ်ရက်များမှလွဲ၍ အခြားရက်များတွင် ဈေးပိတ်ရန် အစီအစဉ်မရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အောင်သူ(အုတ်ဖို)