အသင့်စားငါးခြောက်ပြုလုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်လေ့လာ

ဓနုဖြူ  ၃  ဖေဖော်ဝါရီ 

 

ဓနုဖြူမြို့နယ်နှင့် ဇလွန်မြို့နယ်မှ ရေလုပ်သားငယ်များ ကျိုက်လတ်မြို့ရှိ အသင့်စားငါးခြောက်ပြုလုပ်သည့်လုပ်ငန်းခွင်သို့ ယမန်နေ့ကသွားရောက်လေ့လာခဲ့သည်။

 

mdn

 

ရေလုပ်သားများ၏ မိသားစုဘဝများတိုးတက်မြင့်မားစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် နှင့် ကုန်ချောထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ သွားရောက်လေ့လာခြင်းဖြစ်ကြောင်း ဓနုဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။

 

mdn

 

ငါးရံ့ခွဲနည်း၊ အခြောက်ခံနည်း၊ မီးဖုတ်ခြင်း၊ မီးကင်ခြင်း၊ သိုလှောင်ခြင်း စသည့် အဆင့်ဆင့်ပြုလုပ်ပုံများကို နည်းစနစ်တကျသိရှိစေရန်သွားရောက်လေ့လာခြင်းဖြစ်ပြီး ရေလုပ်သားငယ်များ သွားရောက်လေ့လာနိုင်စေရန် NAG ပုသိမ် ရုံးခွဲမှ ကူညီပံ့ပိုးပေးကာ ကျိုက်လတ်မြို့တွင် အသင့်စား ငါးခြောက်လုပ်ငန်း (၁၀) ခု ကျော်ရှိကြောင်း သိရသည်။

 

mdn

 

အောင်သူဟိဏ်း(ဓနုဖြူ)