Asian Food Festival ကို လာမည့်သြဂုတ်လအတွင်း မန္တလေးမြို့၌ ကျင်းပမည်

ရန်ကုန်  ၇   ဇူလိုင် 

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် Asian Food Festival ကို လာမည့်သြဂုတ်လ အတွင်း မန္တလေးမြို့၌ ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါပွဲတော်အတွင် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းအနေဖြင့် မြန်မာ့အစားအစာ များကို နိုင်ငံတကာမှသိရှိစေရေးအတွက် ဒေသအသီးသီးမှထွက်ရှိသော မြန်မာရိုးရာအစားအသောက်များကို ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)အနေနဲ့ မန္တလေးကိုသွားပြီး မန္တလေးက အဖွဲ့တွေနဲ့ ပူးပေါင်းပြီး နယ်ဇုန်အသီးသီးက အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံပြီး နိုင်ငံတကာ ဧည့်သည်တွေလာရောက်လည်ပတ်လို့ရအောင် လုပ်မှာပါ။ ကယားဆိုရင် ကယားကထွက်တဲ့အစား အသောက်၊ မြိတ်ဆိုရင် တနင်္သာရီတိုင်းက ထွက်တဲ့အစားအသောက်တွေ၊ ရန်ကုန်ဆိုရင် ရန်ကုန်တိုင်း ကထွက်တဲ့အစားအသောက်တွေကို မိတ်ဆက်တဲ့အနေနဲ့ Asian Food Festival ဆိုပြီးလုပ်မှာပါ” ဟု မြန်မာနိုင်ငံစားသောက်ဆိုင်များ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောကြားသည်။

 

အာဆီယံအစားအသောက်ပွဲတော်တွင် မြန်မာအပါအဝင် အာဆီယံနိုင်ငံများသာမက အာရှတွင်းနိုင်ငံ များဖြစ်သော ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် စင်ကာပူနိုင်ငံများမှလည်း ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

 

စားသောက်ဆိုင်များအချင်းချင်း ကူညီရန်၊ သန့်ရှင်းသော အစားအစာများ၊ ကျန်းမာရေးနှင့် ညီညွှတ် သော အစားအစာများ ရောင်းချနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များကို ၂၀၁၁ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အသင်းတည်ထောင်ချိန်မှ ၈ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် အသင်းခွဲပေါင်း ၁၃ သင်းနှင့် အသင်းဝင်ပေါင်း ၆၅၆ ဦးဖွဲ့စည်းနိုင်ခဲ့ကာ အစားအသောက် ဝန်ဆောင်မှုကဏ္ဍတိုးတက်စေ ရေးအတွက် ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများ၊ ပညာပေးအစီအစဉ်များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရ သည်။ ထို့ပြင် မြန်မာအစားအစာကို နိုင်ငံတကာမှ သိရှိစေရေးအတွက် မြန်မာ့မုန့်ဟင်းခါးနှင့် လက်ဖက်အပြင် အခြားမြန်မာအစားအစာတို့ကို နိုင်ငံတကာပြပွဲများသို့ သွားရောက်ပြသမှုများလည် ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းအနေဖြင့် လက်ရှိတွင် စားသောက်ဆိုင်များ လိုက် နာနိုင်ရန် စည်းမျဉ်းစည်းကမ်းစာအုပ်ထုတ်ဝေနိုင်ရေးကိုလည်း ပြုစုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)