အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းရုံး နေပြည်တော်တွင်ဖွင့်လှစ်

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် သပြေကုန်းစျေး၊ ပွဲရုံတန်း၊ အမှတ် (၁၈၉)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက်ပြီး စက်ခလုတ်နှိပ်၍ အသင်းဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ဦးအေးမောင်စိန်၊ ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

အဆိုပါအသင်းကြီးအား နိုင်ငံတော်နှင့် နေပြည်တော်ရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်ချက် (၇) ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်းအသင်းအနေဖြင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ SME လုပ်ငန်းများအား ဦးဆောင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် အသင်းဝင်ပေါင်း (၃၅၀) ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

 

(ကိုကိုဦး)