အသွားအလာကန့်သတ် စောင့်ကြည့်ထားသည့် ကျောက်မဲမြို့ရှိ နေအိမ်များသို့ စားနပ်ရိက္ခာများ ထောက်ပံ့

ကျောက်မဲ ၂ ဧပြီ

 

ကျောက်မဲမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ကျောက်မဲမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားပြီး စောင့်ကြည့်ထားသည့် နေအိမ်များ(Home Quarantine)သို့ တစ်အိမ်လျှင် စုစုပေါင်း ငွေကျပ် ၃ သောင်းတန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ကြက်ဥစသည့် စားနပ်ရိက္ခာများကို ယမန်နေ့မှစ၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ်တွင် မတ်လ ၃၁ ရက်နေ့အထိ Community Base Facility Quarantine ဆောင်ရွက်ထားသည့်သူပေါင်း ၂၁၂ ဦးရှိပြီး  Home Quarantine ဆောင်ရွက်ထားသည့်အိမ် စုစုပေါင်း ၄၈ အိမ် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)