အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့

အရာတော်  ၈   ဧပြီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ဧပြီ  ၇ ရက် နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းက ဝန်ထမ်း (၆၇) ဦးကို တစ်ဦးလျှင် ဆန်(၈) ပြည်၊ ကြက်ဥ (၁၀) လုံး၊ ကြက်သွန်နီ (၁) ပိဿာ စုစုပေါင်းငွေကျပ်တန်းဖိုး (၈) သိန်းဖိုး ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ခင်ဦးစိုးဝေ