အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ တေးသရုပ်ဖော်၊ ကဗျာသရုပ်ဖော်နှင့် Role Play ပြိုင်ပွဲများ အထက ဇီးကုန်းတွင် ကျင်းပ

ဇီးကုန်း   ၁၂  နိုဝင်ဘာ

 

ဒီဇင်ဘာလ ၉ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် အကြို စာစီစာကုံး၊ တေးသရုပ်ဖော်၊ ကဗျာသရုပ်ဖော်နှင့် Role Play ပြိုင်ပွဲများကို ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ဇီးကုန်း)၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

 အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး။ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်" နိုင်ငံ့သားကောင်းဖြစ်ရန် လူငယ်တို့၏ တာဝန်ဝတ္တရား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင့်တွင် "ကိုယ်ကျိုးအတွက် စဉ်းစားခြင်းနှင့် အများအကျိုးအတွက်စဉ်းစားခြင်း" ခေါင်းစဉ် ဖြင့် လည်းကောင်း ဖြေဆိုကြပြီး မူလတန်းအဆင့်တွင် တေးသရုပ်ဖော်ပြိုင်ပွဲ၊ ကဗျာသရုပ်ဖော်ပြိုင်ပွဲ နှင့် Role Play ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

 

တင့်ဆွေ(ပြန်ဆက်)