အွန်လိုင်းမှ ငွေကြေးလိမ်လည်နေသူ နှစ်ဉီးအား ဖော်ထုတ်ဖမ်းဆီးရမိ

mdn

နေပြည်တော် ၂၇ အောက်တိုဘာ

 

လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ အွန်လိုင်းမှ ငွေကြေးလိမ်လည်နေသူနှစ်ဉီးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

 

အောက်တိုဘာ ၂၂ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ငွေအတုသည်အကောင့်မှ "ငွေအတုဝယ်လိုသော မိတ်ဆွေများဆက်သွယ်ရန် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉"ဟု ဖော်ပြထားသည်ကို တွေ့ရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ ဝယ်ယူသူတစ်ဦးအဖြစ် အသွင်ယူ၍ အဆိုပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာ "ငွေအစစ်ကို အတု ဆနှုန်းဖြင့် လဲလှယ်ပေးကြောင်း၊ လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ်များပါရှိကြောင်း၊ မှာယူလိုပါက ဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ သို့ Wave Money ဖြင့် ငွေလွှဲပို့ရန်" ညှိနှိုင်းပြောကြားသဖြင့် အောက်တိုဘာ ၂၄ ရက်ညနေ   နာရီခန့်တွင် ငွေကျပ် သိန်းဖိုး ဝယ်ယူမည်ဖြစ်ကြောင်း ညှိနှိုင်းပြောဆိုငွေလွှဲပေးခဲ့ကြောင်း။

 

ထို့နောက်  ငွေထုတ်ယူမှုအား စုံစမ်းစောင့်ကြည့်စဉ် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်ရှိ ဖုန်းရောင်း/ဝယ်နှင့် Wave Money လုပ်ငန်းလုပ်ကိုင်သည့် ဈေးဆိုင်သို့ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေသူများဖြစ်သည့် ဌေးမြင့်ဦး()ဖိုးနန်းနှင့် မင်းမင်းတို့နှစ်ဦး လာရောက် ထုတ်ယူသွားကြောင်း သိရှိရ၍ နေအိမ်များသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းတို့ ဦးအား Wave Money လက်ခံထားသည့် Message များနှင့် "ငွေအတုသည်" Facebook အကောင့်အသုံးပြုသည့် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉၊  ၀၉၆၈၂၄၇၁၀၈၆၊ ၀၉၈၈၉၈၇၅၈၈၁၊ ၀၉၂၅၅၇၅၀၈၂၃ ဆင်းကတ် ခုပါ ဖုန်း လုံး၊ ငွေကျပ် ၂၅၀၀၀ နှင့် ဆိုင်ကယ် စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

 

၎င်းတို့နှစ်ဦး၏ နေအိမ်များတွင် ငွေစက္ကူအတုများနှင့် ဆက်စပ်ပစ္စည်းတစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိဘဲ ၎င်းတို့သည်ငွေအတုသည်အကောင့်ဖြင့် Online မှတစ်ဆင့် ငွေတုများ ရောင်းချသည်ဟု လိမ်လည်ပြောဆို၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန် ပြည်သူလူထု အခက်အခဲအပေါ် အခွင့်ကောင်းယူကာ ပြည်သူများ၏ငွေကြေးကို လိမ်လည်ရယူနေသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအတွင်း သတိပြုဆင်ခြင်နိုင်စေရန်နှင့် ငွေစက္ကူအတုနှင့် ပတ်သက်၍ မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေး စောင့်ကြည့်သတင်းရယူ ကြိုတင်ထိန်းချုပ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်