အင်တာနက်အသုံးပြုနိုင်သောနေရာတိုင်းတွင် ဗြိတိသျှကောင်စီ ဒီဂျစ်တယ်စာကြည့်တိုက်မှ စာပေများကိုဖတ်ရှုနိုင်ပြီဖြစ်

ရန်ကုန် ၂ အောက်တိုဘာ

ရန်ကုန်မြို့ကမ်းနားလမ်းရှိဗြိတိသျှကောင်စီစာကြည့်တိုက်မှ စာအုပ်စာပေနှင့်အခြားသောဗဟု သုတများကို မြန်မာနိုင်ငံအတွင်း အင်တာနက်အသုံးပြုနိုင်သော နေရာတိုင်းတွင် အသုံးပြုကြည့်ရှု နိုင်ပြိီဖြစ်ကြောင်း သိရသည်။

အဆိုပါဗြိတိသျှကောင်စီ၏ ဒီဂျစ်တယ်စာကြည့်တိုက်တွင် မဂ္ဂဇင်းနှင့်သတင်းစာပေါင်းစုံ(၇၀ဝ၀) ကျော်၊ သုတ၊ ရသ ebookနှင့် audiobook ပေါင်း(၃၀ဝ၀)ကျော်၊ ဘာသာရပ်ဆိုင်ရာ eBook ပေါင်း (၁)သိန်းကျော်၊ ရုပ်ရှင်မှတ်တမ်းနှင့် တီဗွီအစီအစဉ်ပေါင်း (၇၀ဝ၀)ကျော်၊ ရုပ်ပြကာတွန်းများနှင့် soft ware အသုံးပြုနည်း ဗွီဒီယိုများအပြင် ဗြိတိသျှကောင်စီ၏ IELTS စာမေးပွဲအတွက်ပြင်ဆင်လေ့လာခြင်းနှင့် ပတ်သက်သော အွန်လိုင်းလေ့ကျင့်ရေး သင်တန်းတစ်ခုပါဝင်ပြီး အင်တာနက်အသုံးပြုနိုင်သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသများနှင့်ပြည်နယ်တို့တွင် ကြည့်ရှုလေ့လာနိုင်ပြီဖြစ်ကြောင်းသိရသည် ။

ဒီဂျစ်တယ်စာကြည့်တိုက်အသင်းဝင်ပေါင်း(၁)ထောင်ကျော်ရှိပြိီး သြဂုတ်လမှ စတင်စမ်းသပ်လွှင့်တင်ထားရာ ကျောင်းသားကျောင်းသူများနှင့် စာတမ်းရေးသားပြုစုနေသူများ၊ အင်္ဂလိပ်စာကျွမ်းကျင်လိုသူများ၊ သုတေသနပြုလုပ်နေသူများ၊ ရသစာပေများ၊ မှတ်တမ်းရုပ်ရှင်နှင့် တီဗွီအစီအစဉ်များ၊ audiobookခေါ် အသံထွက်ဖတ်ပြသော စာအုပ်များမှ သုတ၊ ရသတို့ကို နားဆင်လိုသူများနှင့် ဝေးလံသောဒေသမှ လူငယ်များအတွက် အထူးအသုံးဝင်သော ဒီဂျစ်တည်စာကြည့်တိုက်ကြီးဖြစ်ကြောင်း သိရသည်။

ဗြိတိသျှကောင်စီစာကြည့်တိုက်အနေဖြင့် ၄င်း၏မိတ်ဘက်အဖွဲ့အစည်းဖြစ်သော Millennium Centre များနှင့် ချိတ်ဆက်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ(၁၀ဝ)ဦးကို အခမဲ့အသင်းဝင်ခွင့်အစီအစဉ်ထားရှိပြီး ယခုဖွင့်လှစ်သော ဗြိတိသျှကောင်စီဒီ ဂျစ်တယ်စာကြည့်တိုက်သည် မြန်မာနိုင်ငံတွင်ပထမဆုံးသော အများပြည်သူသုံးစွဲနိုင်သည့် ဒီဂျစ်တယ်စာကြည့်တိုက်တစ်ခုဖြစ်၍ မိမိတို့ဖတ်ရှသိရှိလိုသော သုတ၊ ရသတို့ကို မိမိစမတ်ဖုန်းဖြင့် ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ရာ www.britishc ouncil.org.mm/my/english/libraries/join-digital တွင် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

သန်းထိုက်