အင်္ဂပူမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဝက်ခြံများတွင် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

အင်္ဂပူ ၆ ဇူလိုင်

 

အင်္ဂပူမြို့နယ်အတွင်းရှိ ဝက်မွေးမြူရေးခြံများ၊ တစ်နိုင်တစ်ပိုင်ဝက်မွေးမြူသောအိမ်များ၊ ဈေးအတွင်းရှိ ဝက်သားအရောင်းဆိုင်များတွင် အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် အင်္ဂပူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး‌ ဒေါတ်တာဇာနည်အောင်နှင့် တာဝန်ရှိသူများက  အာဖရိကဝက်အပြင်းဖျားရောဂါဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဝက်ခြံများနှင့် ဝက်သားအရောင်းဆိုင်များအား ပိုးသတ်ဆေးဖြန်းပေးခြင်း၊ ဝက်သားနမူနာများရယူခြင်း အချို့ဝက်များအား လိုအပ်သည့် ကျေးရွာများတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများဖြင့် တိရစ္ဆာန်များအားကျန်းမာရေး ကုသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မန်းကျော်(ပြန်/ဆက်)