အင်ဒိုနီးရှားတောမီးမှ မီးခိုးငွေ့တွေဟာ အရှေ့တောင်အာရှတခွင်ကို ပျံ့နှံ့နေ

၁၂ စက်တင်ဘာ

အရှေ့တောင်အာရှနိုင်ငံတွေဆီကို အင်ဒိုနီးရှားမိုးသစ်တော မီးလောင်ရာကနေ ထွက်လာမီးခိုးငွေ့တွေ ပျံ့နှံ့နေကြောင်း ဂြိုလ်တုကရရှိတဲ့ ဓါတ်ပုံနဲ့ အချက်အလက်တွေက သိရပါတယ်။ 

 

69

 

အခုတောမီးဟာ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုတဲ့ နည်းဖြစ်တဲ့ စိုက်ပျိုးမြေဖော်ထုတ်ရန် ရှင်းလင်းမီးရှို့ရာကနေ စတင်တယ်လို့ ယူဆရပါတယ်။ ပျံ့နှံ့လာတဲ့ မီးခိုးငွေတွေကြောင့် အရှေ့တောင်အာရှနိုင်ငံများမှာ လေထုအရည်အသွေးကျဆင်းပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အခြေအနေအထိရောက်ရှိလာပြီ ဖြစ်ပါတယ်။ 

 

71

 

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ် တောမီးလောင်လေ့ရှိပေမယ့် ဒီနှစ်မှာ ရာသီဥတုက ခြောက်သွေ့လွန်းတဲ့အတွက် ပိုပြီးဆိုရွားတာကို တွေ့ရပါတယ်။ ဘော်နီယို နဲ့ ဆူမားတြားမှာ မီးလောင်တဲ့ နေရာပေါင်း ၁၆၁၉ ကို  ငြိမ်းသက်ခဲ့ပေမယ့် အရင်တစ်ရက်ကတော့ နေရာပေါင်း ၈၆၁ နေရာကို ငြိမ်းသက်ခဲ့ကြောင်း တောမီးငြိမ်းသတ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

 

791

 

မီးငြိမ်းသက်ရန် မလေးရှားနိုင်ငံက ကူညီနေတာကိုတွေ့ရပါတယ်။ မလေးရှားနိုင်ငံမှာ အဆိပ်ပါတဲ့မီးခိုးငွေ့တွေ ပျံ့နှံ့နေတဲ့အတွက် ကျောင်းပေါင်း ၄၀ဝ ပိတ်ထားရတာကို တွေ့ရပါတယ်။ မလေးရှားက မီးခိုးငွေ့တွေက မလေးရှားမှာ မီးလောင်နေတဲ့အတွက်ဖြစ်တယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။

MDN
ကိုးကား- AFP