အင်ဒိုနီးရှားတောမီးကနေ ထွက်လာတဲ့ မီးခိုးတွေဟာ စင်ကာပူနိုင်ငံအထိ ပျံ့နှံ့လာ

၁၈ စက်တင်ဘာ

အင်ဒိုနီးရှားတောမီးကနေ ထွက်လာတဲ့ မီးခိုးငွေတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ တဝန်းရှိကျောင်းတွေနဲ့ အိမ်နီးချင်း မလေးရှားနိုင်ငံက ကျောင်းတွေ အပါအဝင် ထောင်ချီတဲ့ကျောင်းတွေ ပိတ်ထားရပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲ မစခင် စင်ကာပူနိုင်ငံရဲ့ လေသန့်နှုန်းမှာလည်း ကျဆင်းလာတာကိုတွေ့ရပါတယ်။

 

000

 

အင်ဒိုနီးရှားနိုင်ငံဆူမားတြားဒေသရှိ ရာချီတဲ့ကျောင်းတွေကလည်း ပိတ်ထားရပြီး ဘော်နီယိုကျွန်းရှိ ကျောင်းပေါင်း ၁၃၀ဝ ကလည်း ပိတ်ထားရကြောင်း သိရပါတယ်။ ဒါ့အပြင် အင်္ဂါနေ့က ဘော်နီယိုကျွန်းရှိ လေဆိပ် သုံးခုမှာ လေယာဉ်ခရီးစဉ် ၄၀ နီးပါးကလည်း ဖျက်သိမ်းလိုက်ရပါတယ်။ 

 

179

 

မလေရှားနိုင်ငံက ကျောင်းပေါင်း ၁၅၀ဝ နီးပါးဟာ မီးခိုးငွေတွေကြောင့် ပိတ်ထားရတဲ့အတွက် ကျောင်းသူကျောင်းသား တစ်သန်းကျော်မှာ အကျိုးသက်ရောက်တယ်လို့ မလေးရှားပညာရေးဝန်ကြီးက ပြောပါတယ်။ 

မီးခိုးငွေ့တွေကြောင့် စင်ကာပူနိုင်ငံမှာ  လာမယ့်တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲအပေါ်မှာ တောင် အကျိုးသက်ရောက်နိုင်ကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP