အင်ဒိုနီးရှား တောင်ပိုင်း ဆူလာဝေစီ တွင် ရေကြီးမှုကြောင့် ၁၆ ဦး သေဆုံး

၁၅ ဇူလိုင်

 

 

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ဆူလာဝေစီပြည်နယ်တွင် ယနေ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၁၆ ဦး ရှိပြီး ၂၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသန္တရ မီဒီယာက ဖော်ပြထားသည်။

 

 

သေဆုံးသူ ၁၆ ဦး၏ ရုပ်အလောင်းများကို ဆေးရုံ သုံးခုသို့ ပြောင်းရွှေ့ထားကြောင်း မြောက်ပိုင်း လူဝူခရိုင် ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အေဂျင်စီအကြီးအကဲ Muslim Muchtar ၏ ပြောကြားချက်ကို ကိုးကားပြီး Lipiutan6.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

 

 

အဆိုပါ ပြည်နယ်ရှိ ရေကြီးမှုကြောင့် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေး သမားများက ရှာဖွေနေဆဲဖြစ်ကြောင်း Muchtar က ပြောကြားသည်။

 

 

ဇူလိုင် ၁၂ နှင့် ၁၃ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သဖြင့် မာဆမ်ဘာ၊ ရောင်ကောင်နှင့်မီလီ ခရိုင်တို့ရှိ မြစ်သုံးစင်း ရေကြီးခဲ့ပြီး မိသားစုဝင် ၅၀၀၀ နီးပါး ရေလွှမ်းမိုးမှုခံခဲ့ရသည်ဟု မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

 

ဇူလိုင် ၁၆ ရက်နေ့အထိ မိုးဆက်လက် ရွာသွန်းမည်ဟု ခန့်မှန်းထားသဖြင့် ရေလွှမ်းမိုးမှု ပိုမိုဖြစ်ပွားသည့် ဒေသများရှိ ပြည်သူများကို ထိုအေဂျင်စီက သတိပေးပြောကြားထားသည်။

 

 

အချို့ ကျေးရွာများရှိ အဆောက်အအုံများနှင့် လမ်းများတွင် ရွှံများ ဖုံးလွှမ်းနေသဖြင့် ကယ်ဆယ်ရေး အကူအညီများ ပေးရန်နှင့် ပြည်သူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် အခက်အခဲများ ရှိနိုင်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို