အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၂၃ ဦးရှိလာကြောင်း ထုတ်ပြန်

၂၇ စက်တင်ဘာ 

 

အင်ဒိုနီးရှားနိုင်ငံ မာလူကာကျွန်းမှာ ကြာသပတေးနေ့က လှုပ်ရှားခဲ့တဲ့ အင်အား ၆.၅ ရစ်ချ်စတာစကေး ပြင်းအားရှိ ငလျင်ကြောင့် သေဆုံးသူ ဟာ ၂၃ ဦး နဲ့ ၁၀ဝ ကျော် ဒဏ်ရာရရှိကြောင်း၊ လူပေါင်း ၁၅,ဝ၀ဝ ကို ယာယီစခန်းတွေမှာ ပြောင်းရွေ့ပေးထားရကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။  

 

သေဆုံးသူထဲမှာ ကလေးငယ်တစ်ဦးပါဝင်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာအဖွဲ့ရဲ့ ပြောခွင့်ရသူ ဝီဘိုဝူး က ပြောကြားပါတယ်။ ဒါ့အပြင် ရာချီတဲ့ နေအိမ်တွေ၊ ကျောင်းတွေ နဲ့ အစိုးရ အဆောက်အအုံတွေလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ကြောင်း ပြောခွင့်ရသူ ဝီဘိုဝူးက အတည်ပြုပြောကြားပါတယ်။ 

 

၂၀၁၈ ခုနှစ်က လှုပ်ရှားခဲ့တဲ့ ၇.၅ ရစ်ချ်စတာစကေး အင်အားရှိ ငလျင်ကြောင့် လူပေါင်း ၄၃၀ဝ သေဆုံးခဲ့ရပြီး လူပေါင်း ၆၀ဝ၀ဝ ဟာ အခုထိ ယာယီစခန်းတွေမှာ နေထိုင်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ 

 

MDN
ကိုးကားAFP