အင်ဒိုနီးရှား မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုဖြစ်ပွား တစ်ဦး သေဆုံး

၂၅ ဖေဖော်ဝါရီ

 

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့သည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်သွားကြောင်းနှင့် လူအများအပြားကို ဘေးကင်းရာသို့ ယနေ့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

ဂျာကာတာအရှေ့ပိုင်းနှင့် အနောက်ဂျာဗား၊ ဘက္ကဆီနှင့် ဂျာကာတာအရှေ့ပိုင်းတွင် ရေလွှမ်းမိုးမှုများ အများအပြားဖြစ်ပွားခဲ့သည်။ ဘက္ကဆီ ဒေသခံတစ်ဦးသည် ထိုရေလွှမ်းမိုးမှုဖြစ်ပွားနေချိန်အတွင်း လျှပ်စစ် ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ဒေသန္တရ ရဲတပ်ဖွဲ့က သတင်းဖော်ပြခဲ့သည်။

 

ထိုရေလွှမ်းမိုးမှုကြောင့် ဂျာကာတာရှိ ဒေသတော်တော်များများတွင် လမ်းမများ ပိတ်ထားခဲ့သည်။

 

ဘေးကင်းလုံခြုံရေးအတွက် လျှပ်စစ်ဓာတ်အားခွဲရုံ ၃၂၅ ခုထက်မနည်း ပိတ်ထားသည်။

 

လူဦးရေ ၃၅ သန်းခန့်နေထိုင်သည့် မြို့တော် ဂျာကာတာတွင် ရေကြီးမှုများ အမြဲဖြစ်ပွားလေ့ရှိသည်။ ယခုနှစ်အစောပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုများဖြစ်ပွားသောကြောင့် လူ ၆၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၇၅ ၀၀၀ ဦး နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို