အင်းစိန်မြို့နယ် စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်

mdn

ရန်ကုန်        စက်တင်ဘာ        ၁၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက အင်းစိန်မြို့နယ် စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကွင်းဆင်းပြီး  အလုပ်သမားများကို ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ အလုပ်သမား ၃၆၁၀ အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေး မထိုးနှံရသေးသူ အလုပ်သမား ၈၆၀၁ ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုနှင့်အတူ ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာမိုးမိုးမြင့်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံပေးမည် ဖြစ်သည်။

ဆုလှိုင်(ပြန်/ဆက်)