အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် Oxygen Cylindar ဝယ်ရန် အလှူငွေကျပ်(၆)သိန်းလှူဒါန်း

ရန်ကုန် ၂၀ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် Oxygen Cylindar ဝယ်ရန် အလှူငွေကျပ်(၆)သိန်းကို ယနေ့ မွန်းလွဲပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ် များတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဦးရဲထွတ်စိုး+ဒေါ်ဝင်းဝင်းပြုံး USAမှ ဒေါက်တာ မြသဲဟန်မှ တစ်ဆင့် အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ Oxygen Cylindar ဝယ်ရန် အလှူငွေကျပ်(၆)သိန်းကို လှူဒါန်းရာ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ မာမာကြည်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)