အန်ဒီရုဇ်ကိုအနိုင်ရပြီး ဂျိုရှူယာ ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်သိမ်းပိုက်

၁၀  ဒီဇင်ဘာ

ဆော်ဒီအာရေဗျမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲမှာ ဂျိုရှူယာအနေနဲ့ ပြိုင်ဘက်အန်ဒီရုဇ်ကို အနိုင်ရရှိခဲ့တာကြောင့် ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ဂျိုရှူယာအနေနဲ့ အန်ဒီရုဇ်ကိုအနိုင်ရရှိခဲ့တာကြေကြောင့် နှစ်ကြိမ်မြောက် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပြီး ၁၁၈-၁၁၀၊ ၁၁၈-၁၁၀၊ ၁၁၉-၁၀၉ နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဗြိတိန် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဂျိုရှူဟာ ကစားသမားဘ၀မှာ ၂၄ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၂၃ ပွဲအနိုင်ရရှိကာ ၂၁ ပွဲကို အလဲထိုး နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့  ၂၄ ပွဲမှာ တစ်ပွဲပဲ ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား အန်ဒီရုဇ်ကတော့ သူ့ရဲ့ လက်ဝှေ့သမားဘ၀မှာ ၃၅ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကာ ၃၃ ပွဲ အနိုင်ရရှိအောင် ထိုးသတ်နိုင်ခဲ့ပြီး၂၂ပွဲကတော့ အလဲထိုးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေထဲမှာ နှစ်ပွဲကတော့ ရှုံးပွဲကြုံခဲ့တာဖြစ်ပါတယ်။

ငွေကြယ်