အမရပူရမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ဗုံးသီးဟောင်းများ တွေ့ရှိ

နေပြည်တော် ၅ ဇန်နဝါရီ

ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ က အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ သကျမဉ္ဇူဘုရားဝင်းအတွင်းရှိ မန္တလေးမြို့နန်းတည် မင်းတုန်းမင်း၏ မယ်တော် (ရွှေဘိုမင်း၏ တောင်ဆောင်တော်မိဖုရား) အုတ်ဂူအား ပြန်လည်မွမ်းမံရန် ရှေးဟောင်းသုတေသနဌာနမှ ဝန်ထမ်းများ ဦးစီးအဖွဲ့က အလုပ်သမားများဖြင့် တူးဖော်နေစဉ် အလျား ၁၄ လက်မ၊ လုံးပတ် ၁၂ လက်မခန့်ရှိ ဗုံးသီးဟောင်း(၁)လုံးအား တွေ့ရှိသဖြင့် နယ်မြေခံတပ်မှ သွားရောက်စစ်ဆေးခဲ့ပြီး သိမ်းဆည်းခဲ့ကြောင်း။    

အလားတူ ယင်းနေ့ ညနေ ၄ နာရီက သထုံမြို့နယ်၊ နောင်ကုလားကျေးရွာနေ ချစ်စမ်းမောင် (၂၇)နှစ်သည် အဆိုပါကျေးရွာနေ ဒေါ်လဲ့လဲ့စန်း (စိစစ်ဆဲ)၏ ဥယျာဉ်ခြံမြေအား မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ၃၆ ခွင်းဗုံးအဟောင်း (၂)လုံး တွေ့ရှိသဖြင့် နယ်မြေခံတပ်နှင့် သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး နယ်မြေခံတပ်မှ သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

MDN

mdn