အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း(NEP) Phase-1 ဖြင့် ဆောက်ရွက်သော ရွာမကန်ကျေးရွာ လျှပ်စစ်မီးစတင်ရရှိ

မင်းဘူး ၁၈ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း(NEP) Phase-1 ဖြင့် ဆောက်ရွက်နေသည့် ကျေးရွာများအနက် (အောက်တို့ဘာ ၁၇ ရက်) ယမန်နေ့က မင်းဘူး(စကု)မြို့နယ် ကန်ရေ ကျေးရွာအုပ်စု၊ ရွာမကန်ကျေးရွာတွင် လျှပ်စစ်မီးလင်းပေးနိုင်ခဲ့ပြီးကြောင်း မင်းဘူးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမြင့်ထွန်းထံမှ သိရသည်။

 

အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း(NEP)ကို ၂၀၁၅ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၃၀ ခုနှစ် အတွင်း တစ်နိုင်ငံလုံးရှိကျေးရွာများ ဓာတ်အားရရှိရေး စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အား လိုင်း ပေ ၁၆၀၀ နှင့် (၁၁/၀.၄) ကေဗွီ ထရန်စဖော်မာ တပ်ဆင်တည်ဆောက်ရေး လုပ်ငန်းများကို အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP)အနေဖြင့် တာဝန်ယူ တပ်ဆင်တည်ဆောက်ပေးခဲ့ပြီး ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း ပေ ၂၈၀၀ ကို ကျေးရွာနေ ပြည်သူလူထုထည့်ဝင်ငွေဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ နေအိမ်များ အိမ်သုံးမီတာ လျှောက်ထားတပ်ဆင်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမြင့်ထွန်းက ရှင်းလင်း ပြောကြားသည်။

 

မင်းဘူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ Phase-1 ပထမအဆင့် ဆောင်ရွက်သော ကျေးရွာ(၅)ရွာတွင် ယခုမီးလင်းခဲ့သော ရွာမကန်ကျေးရွာအပါအဝင် လက်ပံတော၊ လက်ပံတပင်၊ တပင်ရွာ စသည့် ကျေးရွာ(၄)ရွာ တို့တွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရေမျက် ကျေးရွာတွင် ဓာတ်အားလိုင်း တည်ဆောက်ဆဲဖြစ်ကြောင်း မင်းဘူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

 

မောင်မောင်(မင်းဘူး)

 

mdn