အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်းတွင် လေယာဉ်နှစ်စင်း တိုက်မိ လူ ရှစ်ဦး သေဆုံး

၆ ဇူလိုင်

 

 

အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်း အိုင်ဒါဟိုပြည်နယ် Coeur d'Alene ရေကန်အထက်တွင် ယမန်နေ့က လေယာဉ်နှစ်စင်းတိုက်မိခဲ့ပြီးနောက်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ လူ ရှစ်ဦး သေဆုံးခဲ့ဖွယ်ရှိသည်။

 

 

လူ နှစ်ဦး အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး လူကြီး ခြောက်ဦးနှင့် ကလေးများမှာ ပျောက်ဆုံးနေဆဲဖြစ်သော်လည်း သေဆုံးခဲ့ဖွယ်ရှိသည်ဟု ဒေသန္တရ အာဏာပိုင်များက ပြောကြားသည်။

 

 

အဆိုပါ လေယာဉ်နှစ်စင်းပေါ်တွင် လေယာဉ်အမှုထမ်းများနှင့် ခရီးသည် ရှစ်ဦး ပါရှိသည်ဟု ကနဦး သတင်းများအရ သိရှိရသော်လည်း အတည်ပြုနိုင်ရန် စစ်ဆေးနေဆဲဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူ ရှိမည်မဟုတ်ဟု ထင်မြင်ယူဆရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ရေအောက် တည်နေရာ ရှာဖွေရေးအဖွဲ့၏ အဆိုအရ ထိုလေယာဉ်နှစ်စင်းမှာ ရေမျက်နှာပြင်၏ ၁၂၇ ပေ (၃၈ ဒသမ ၇) မီတာတွင် တည်ရှိနေသည်ဟု Kootenai County ရဲတပ်ဖွဲ့ရုံးက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

2429