အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂ သိန်းနီးပါးရှိလာ

၂၁ စက်တင်ဘာ

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ဒဏ်ပိုးအခံရဆုံး နိုင်ငံဖြစ်ရာ စက်တင်ဘာ ၂၁ ရက်နေ့ထုတ်ပြန်ချက်အရ သေဆုံးသူ အရေအတွက်ဟာ နှစ်သိန်းနီးပါး ရှိလာကြောင်းနဲ့ ပိုးတွေ့ရှိသူအရေအတွက်အဟာ ၆.၈ သန်း ရှိလာကြောင်း သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ကပ်ရောဂါပိုးအပေါ်ကိုင်တွယ်မှုအား ဝေဖန်မှုတွေကလည်း ကျယ်ကျယ် လောင်လောင် ဖြစ်လာနေပါတယ်။ ကမ္ဘာ့အကြီးစီးပွားရေးနိုင်ငံကြီးကို ကပ်ရောဂါပိုးက အကြီးအကျယ် ထိခိုက်စေသလို သန်းချီတဲ့ လူတွေလည်း အလုပ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။

သမ္မတ ထရမ့်က ကပ်ရောဂါဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို နိုဝင်ဘာ ၃ ရက် အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲနေ့ မတိုင်မီ ရရှိနိုင်ကြောင်း ပြောနေခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အမေရိကန်နိုင်ငံသားတွေအားလုံး ဗိုင်းရပ်စ်ကာကွယ်ဆေးကို ၂၀၂၁ ဧပြီလမှ ရရှိမယ်လို့ မျှော်လင့်ကြောင်း  ပြောင်းလဲ ပြောဆိုခဲ့ပါတယ်။

ကပ်ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၃၀.၈ သန်းကျော်မှာ ကူးစက်ခံရပြီး  ၉၅၇,၉၄၈ ဦးသေဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၁၉၉,၂၆၈ ဦး၊ ဘရာဇီးနိုင်ငံမှာ ၁၃၆,၅၃၂ ဦး၊ အိန္ဒိယနိုင်ငံမှာ ၈၆,၇၅၂ ဦး၊ မက္ကဆီကိုနိုင်ငံမှာ ၇၃,၂၅၈ ဦးနဲ့ ဗြိတိန်နိုင်ငံမှာ ၄၁,၇၅၉ ဦးဆုံးကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP