အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကြောင့် ၉၀၀ ကျော်သေဆုံး

နယူးယောက်  ၆  ဇွန်

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကြောင့် လူပေါင်း ၉၂၂ ဦး သေဆုံးကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က သောကြာနေ့က ထုတ်ပြန်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၉,၀၄၂ ဦးရှိပြီး ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၈၉ သန်း ရှိကြောင်း တက္ကသိုလ်ရှိရာဒေသစံချိန် သောကြာနေ့ ည ၈ နာရီခွဲ အချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၄၉၁,၀၀၀ ဦးကတော့ ပြန်လည်ကျန်းမာလာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အမေရိကန်သမ္မတကတော့ ကပ်ရောဂါကို ကျော်လွန်နိုင်ပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာပြည်နယ် အုပ်ချုပ်ရေးမှူးတွေက အသွားအလာကန့်သတ်မှုတွေကို ဖျက်သိမ်းဖို့ သောကြာနေ့ အစောပိုင်းက တိုက်တွန်းနေပါတယ်။

 

အမေရိကန်နိုင်ငံမှာ ဧပြီလလယ်ပိုင်းက ဗိုင်းရပ်စ်ပိုးကြောင့် တစ်နေ့ကို လူပေါင်း ၃၀၀၀ လောက်သေဆုံးရာမှ လက်ရှိအချိန်မှာ တစ်နေ့လျှင် လူ ၁၀၀၀ နီးပါးသာသေဆုံးပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တစ်နေ့လျှင် ၂၀,၀၀၀ နီးပါးသာ ရှိကြောင်း သိရပါတယ်။

မက်ဆာချူးဆက် တက္ကသိုလ်ရဲ့ သုတေသနအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဇွန် ၂၇ ရက်နေ့အထိ ၁၂၇,၀၀၀ ဦး ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

MDN

ကိုးကား - AFP