အမေရိကန်နိုင်ငံက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ငန်းတွေ ဇွန် ၁၂ ပြန်လည် စတင်မယ်

၆ ဇွန်

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အစိုးရ ရုပ်ရှင်၊ ရုပ်မြင်သံကြားနဲ့ တေးဂီတထုတ်လုပ်ရေးလုပ်ငန်းတွေကို ဇွန် ၁၂ ရက်နေ့စပြီး ပြန်လည် လည်ပတ်ခွင့်ပေးမယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဖျော်ဖြေရေးထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ မတ်လလယ်ကစပြီး ပိတ်ခဲ့တာဖြစ်ပါတယ်။ 

 

ရုပ်ရှင်ထုတ်လုပ်ငန်းရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်ရေးအတွက် သက်ဆိုင်ရာဒေသရဲ့ ကျန်းမာရေးဝန်းထမ်းတွေက ခွင့်ပြုဖို့ လိုအပ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ကျန်းမာရေးဌာနက ပြောပါတယ်။ 

 

ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရန်အတွက် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်လုပ်ရေးမှာပါဝင်တဲ့ သူတွေအားလုံးလိုက်နာဖို့ လိုအပ်ကြောင်း သိရပါတယ်။ 

 

ကယ်လီဖိုးနီးယားပြည်နယ်ဟာ ဗိုင်းရပ်စ်ကူးစက်ရာ ဗဟိုချက်တွေထဲမှာ ပါဝင်နေတဲ့အတွက် ဟောလီးဝုဒ်ရဲ့ အဓိက စတူဒီယိုကြီးတွေကိုလည်း လာမယ့်သီတင်းပတ်မှာ လည်ပတ်ခွင့် ရမရ ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားခြင်းမရှိပါဘူး။ 

 

ကယ်လီဖိုးနီးယားပြည်နယ်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၂၅,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄,၅၀၀ ရှိကြောင်း ဇွန် ၆ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

MDN
ကိုးကား - AFP