အမေရိကန်ဒေါ်လာ ၆သန်းတန် ရွှေအိမ်သာ အခိုးခံရ

၁၇ စက်တင်ဘာ


ဗြိတိန်နိုင်ငံရှိ ဘယ်လ်နန် နန်းတော်မှာ ပြသထားတဲ့ ရွှေ ၁၈ ကရက် နဲ့ ပြလုပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းတန် ရွှေအိမ်သာကို စနေနေ့မနက်ပိုင်းက သူခိုးဂိုဏ်း တစ်ဂိုဏ်းကနေ ခိုးခဲ့ကြောင်း၊ အိမ်သာကို ဆက်ထားတဲ့ ရေပိုက်က ရေလျှံတဲ့အတွက် ကမ္ဘာကျော်နန်းတော်ကိုပါ ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 


ရွှေအိမ်သာဟာ ကွန်ဆက်ကျူရယ် အနုပညာရှင် မိုရီဇီရို ကတ်တလန်ရဲ့ အနုပညာလက်ရာတစ်ခုပြီး အဲဒီရွှေအိမ်သာကို အီတလီအနုပညာရှင်အနုပညာဖန်တီးမှု ခေါင်းစဉ်နဲ့ ပြပွဲမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ပြီး ပြသခဲ့တာဖြစ်ပါတယ်။ ပြပွဲလာတဲ့သူတွေဟာ ရွှေအိမ်သာကို သုံးမိနစ်သုံးစွဲခွင့်ရှိပါတယ်။ အဲဒီအတွက် စာရင်းကြိုတင်ပေးဖို့တော့ လိုအပ်ပါတယ်။


"the American dream" အမည်နဲ့ ဖန်းတီးထားတဲ့ တန်ဖိုးရှိသောအနုပညာလက် ရွှေအိမ်သာကို ပြန်လည်ရရှိဖို့ မျှော်လင့်ကြောင်း ပြပွဲတည်ရှိရာ ဘယ်လ်နန်နန်းတော်ရဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 


အိမ်သာပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ၆၆ နှစ်အရွယ်အမျိုးသားတစ်ဦးကို စနေနေ့ကပဲ ဖမ်းဆီးခဲ့ကြောင်းနဲ့ ဆက်လက်စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ 


အနုပညာရှင် ကတ်တလန်က အိမ်သာကို အခုထိ မတွေ့သေးတဲ့အတွက် အရည်ကျိုလိုက်မှာကို စိုးရိမ်နေပါတယ်။ 


ဘယ်လ်နန်နန်းတော်ဟာ အောက်စဖို့ရိုင်းယားဒေသမှာရှိပြီး မားလ်ဘားရိုးမြို့စားရဲ့ အိမ်တော်ဖြစ်ပါတယ်။ နန်းတော်ဟာ ၁၈ ရာစုလက်ရာဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုကနေ အသိအမှတ်ပြုခံထားတဲ့ နေရာဖြစ်ပါတယ်။ 


၂၀၁၆ ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံ နယူးယောက်ရှိ ပြတိုက်တစ်ခုမှာ ပြသရာ အိမ်သာကို သုံးစွဲသူပေါင်း တစ်သိန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။ 


MDN
ကိုးကား - AFP