အမေရိကန် ရွေးကောက်ပွဲအတွက် တက်ဆက်ပြည်နယ်ဟာ ကြိုတင်မဲ အများဆုံး ပြည်နယ်ဖြစ်နေ

၂၀ အောက်တိုဘာ

 

 

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် သီတင်းနှစ်ပတ် အလိုမှာ တက်ဆက်ပြည်နယ်ဟာ ကြိုတင်မဲအများဆုံးပေးတဲ့ ပြည်နယ်ဖြစ်ကြောင်း၊ ကြိုတင်မဲပေးသူ လေးသန်းကျော်ရှိကြောင်း အမေရိကန် တက္ကသိုလ် တစ်ခုရဲ့ လေ့လာချက်အရ သိရပါတယ်။

 

 

တက်ဆက်ပြည်နယ်ဟာ ၁၉၈၀ ခုနှစ်ကစပြီး ပုံမှန်အားဖြင့် ရီပက်ပလစ်ကန် ပါတီကို မဲပေးသူတွေ ဖြစ်ပေမယ့် အခုရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို မဲပေးသူ တွေလည်း ရှိနေကြောင်း သိရပါတယ်။

 

 

အမေရိကန်နိုင်ငံ တစ်ဝန်းမှာ ကြိုတင်မဲပေးသူ သန်း ၃၀ နီးပါးရှိကြောင်း သိရပါတယ်။ ကွန်ဆာဗေးတစ် ဖြစ်တဲ့ တက်ဆက်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့က သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပါတယ်။

 

 

အောက်တိုဘာ ၁ ရက်နေ့ကစပြီး ကြိုတင်မဲ စတင်ပေးခွင့်ရှိနေပြီ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP

a2