အမေရိကန် ရော့အဆိုတော် ဘရုစ် စပရင်းစတင်း အသက် ၇၀ ပြည့်ပြီ

၂၃ စက်တင်ဘာ


အမေရိကန် အဆိုတော်၊ သီချင်းရေးဆရာ၊ တေးဂီတပညာရှင် ဘရုစ် စပရင်းစတင်း ဟာ ဒီကနေ့မှာ အသက် ၇၀ ပြည့်ပြီဖြစ်ပါတယ်။ ဘရုစ်ကို တေးဂီတကမ္ဘာကတော့ “The Boss”လို့ လူသိများပြီး ကမ္ဘာတဝန်းမှာ ရုပ်သံ၊ တေးဂီတ၊ ရုပ်ရှင်နဲ့ စတိတ်စင်ပေါ်မှာ အောင်မြင်မှုရှိတဲ့ EGOT ဆုရှင်  ၁၅ ဦးထဲမှာ ဘရုစ်ဟာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ 


ဘရုစ် ဟာ ကမ္ဘာတဝန်းမှာ သူ့တေးအယ်လ်ပေါင်း ၁၃၅ သန်းကျော် ရောင်းရပြီး အမေရိကန်နိုင်ငံမှာ အယ်လ်ပေါင်း ၆၄ သန်းကျော် ရောင်းရတဲ့အတွက် ကမ္ဘာမှာ ရောင်းအား အကောင်းဆုံး တေးဂီတပညာရှင်တွေမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ သူရဲ့ လူသိများတဲ့ တေးသီချင်းတွေမှာ "Born to Run" (1975), "Dancing in the Dark" (1984), "Born in the U.S.A." (1984), "Glory Days" (1985), and "Streets of Philadelphia" (1994) တို့အပါအဝင် ဖြစ်ပါတယ်။


ဘရုစ်ဟာ ဂီတအနုပညာအတွက် ၂၀၁၆ ခုနှစ် Presidential Medal of Freedom ဆု အပါအဝင် ဆုအများပြားလည်း ရရှိခဲ့ပါတယ်။ 

 

MDN