အမေရိကန် - အီရန် ဆက်ဆံရေး တင်းမာမှုကြောင့် စက်သုံးဆီစျေးနှုန်း မြင့်တက်လာသော်လည်း မြန်မာနိုင်ငံ၌ လတ်တလောတွင် CNG စျေးနှုန်း မြင့်တက်ရန် မရှိသေး

ဇန်နဝါရီ

 

အမေရိကန် - အီရန် ဆက်ဆံရေး တင်းမာမှုကြောင့် စက်သုံးဆီစျေးနှုန်း မြင့်တက်လာသော်လည်း မြန်မာနိုင်ငံ၌ လတ်တလောတွင် CNG(သဘာဝဓာတ်ငွေ့) စျေးနှုန်းမြင့်တက်ရန် မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။

 

"CNG စျေးနှုန်းကတော့ အခုထိတော့ ပြင်လို့အဆင်မပြေသေးပါဘူး၊ စျေးနှုန်းပြင်လိုက်မယ်ဆိုရင် ပြည်သူပေါ်မှာ သက်ရောက်မှုကြီးသွားနိုင်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ကတော့ ချက်ချင်းကြီးတော့ မပြင်သေးပါဘူး"ဟု ဦးလှဝင်းဌေးက ပြောသည်။

 

လက်ရှိ စက်သုံးဆီ တစ်ဂါလန်နှင့် ညီမျှသည့် CNG ဒသမ ၆၆ ကီလိုဂရမ်လျှင် ၁၀၀၀ ကျပ်ဖြင့်သာ ရောင်းချပေးလျက်ရှိပြီး အစိုးရအနေဖြင့် အရှုံးခံကာ ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

 

"CNG စျေးနှုန်းက အားလုံးပေါင်း ငါးကြိမ်ပြောင်းတဲ့အချိန်မှာ နောက်ဆုံးစျေးပြောင်းလဲခြင်းသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ပြောင်းလဲခဲ့တာဖြစ်ပါတယ်၊ ပြောင်းလဲလိုက်တဲ့အချိန်မှာ ဓာတ်ဆီ/ဒီဇယ် တစ်ဂါလန်နဲ့ ညီမျှတဲ့ သဘာဝဓာတ်ငွေ့ကို တစ်ထောင်ကျပ်နဲ့ ရောင်းတာဖြစ်ပါတယ်၊ အခု ဓာတ်ဆီ/ဒီဇယ် တစ်ဂါလန် ပြင်ပပေါက်စျေးသည် ၃၅၀၀ ကျပ်လောက်ရှိမယ်၊ အဲတော့ ဝန်ကြီးဌာနအနေနဲ့ အရှုံးခံပြီးတော့ ရောင်းပေးနေတာပါ"ဟု  ဦးလှဝင်းဌေးက ပြောသည်။

 

လက်ရှိ CNG နေ့စဉ်သုံးစွဲမှုအနေဖြင့် ကုဗပေ ၂၄ သန်းကျော်ရှိပြီး ယင်းအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူ ဒသမ သန်းကို သယ်ယူပို့ဆောင်ပေးနေသော YBS ယာဉ်များအတွက် ကုဗပေ ၁၃ သန်းကျော် သုံးစွဲလျက်ရှိကြောင်း၊ အဌားယာဉ်များအတွက် ကုဗပေ သန်းခန့်နှင့် အခြားယာဉ်များအတွက် ကုဗပေ သန်းခန့် သုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနထံမှ သိရသည်။

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ရန်ကုန်မြို့တွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် CNG စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တိုးချဲ့ဖော်ဆောင်ခဲ့ပြီး ရန်ကုန်မြို့အတွင်း၌ CNG အရောင်းဆိုင် (၄၁)ဆိုင်ရှိကြောင်း သိရသည်။

 

အဆိုပါ CNG အရောင်းဆိုင်များတွင် တပ်ဆင်အသုံးပြုလျက်ရှိသော စက်ပစ္စည်းများကိုလည်း ကြံ့ခိုင်မှုကောင်းစေရန်နှင့် စွမ်းဆောင်ရည် မြင့်မားစေရန်အတွက် အရေးပေါ် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့()နှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့()ဖြင့် ဆောင်ရွက်ပေးလျက်ရှိကာ ခေတ်မီဖွံဖြိုးတိုးတက်လာသော နည်းပညာကို သိရှိစေရန်အတွက် စက်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့များအား နိုင်ငံခြားပညာရှင်ဖြင့် Training များပေးလျက်ရှိကြောင်း သိရသည်။

 

ငြိမ်းငြိမ်း