အလှူခံရန်ထွက်လာသောကားတစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက် ၃ ဦးဒဏ်ရာရ

ငရုတ်ကောင်း    ၁၆    အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့ တင်းချောင်းကျေးရွာအုပ်စု တင်းချောင်းကျေးရွာရှိ ''ဒေဝပပ္ဗတဇွဲတပင်''ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဝါသေဋ္ဌနှင့် ဒါယကာ၊ဒါယိကာမ ၅၅ဦးတို့သည် ကားနှစ်စီးဖြင့်အလှူခံရန်ထွက်လာစဉ် ယာဉ်မောင်း ဦးထွန်းနိုင်ဝင်း မောင်းနှင်လာသော ကန်တာကားအမျိုးအစားသည် အောက်တိုဘာ၁၆ရက် မွန်းတည့် ၁၂နာရီခန့်ကငရုတ်ကောင်းမြို့ရုံးလမ်းနှင့်သရက်တောလမ်းထိပ်၌ အရှိန်မထိန်းနိုင် ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

1

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်ဦးဆောင်၍ ငရုတ်ကောင်းမြို့ မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့်ပြည်သူတချို့မှ တိမ်းမှောက်ခဲ့သော ယာဉ်ပေါ်ပါလာသူများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

၎င်းဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ကျား၅ဦး၊ မ၄ဦးအနက် ကျား၂ဦး၊ မ၁ဦးအား ပုသိမ်ပြည်သူ့ဆေးရုံကြီးသ ို့လွှဲပြောင်းပေးခဲ့ရကြောင်း ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံမှ သိရသည်။

 

ပြုံးမောင်မောင်(ပြန်/ဆက်)