အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်စိုးရိမ်သဖြင့် ဇန်နဝါရီဈေးကွက်တွင် အဲရစ်ဆင်ကို စပါးရောင်းချရန်စီစဉ်

၁၃  အောက်တိုဘာ

စပါးအသင်းဟာ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို လာမည့်နွေရာသီဈေးကွက်ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းကနေ ထွက်ခွာသွားမည် စိုးရိမ်သဖြင့် ဇန်နဝါရီဈေးကွက်မျာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အသင်းပြောင်းရွှေ့ကစားဖို့ စီစဉ်ထားတာဖြစ်လို့ စပါးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလည်း ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အဲရစ်ဆင်အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၁၁ ဒသမ ၅ သန်းနဲ့ စပါးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ စပါးအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀ဝ ခန့် လိုချင်နေတာ ဖြစ်ပါတယ်။

ငွေကြယ်