အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ၁၀ ဒီဇင်ဘာ 

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲတွင် New Clark City Athletics Stadium ၌ ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနား ကျင်းပပုံများကို ယင်းနေ့ ညနေ ၄ နာရီ ၂၅ မိနစ်မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား MRTV ၊ MRTV Sports Channel ၊ မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်