အချိန်အခါမဲ့မိုးကြောင့် ကောက်လှိုင်းများမိုးမိ၍ လေလွင့်မှုများပြား

မန္တလေး  ၁၀  ဇန်နဝါရီ

 

အချိန်အခါမဲ့ ရွာသွန်းခဲ့သော မိုးကြောင့် မန္တလေးမြို့ အမရပူရမြို့နယ် အတွင်းရှိစပါးများ လေလွင့်ဆုံးရှုံးမှုများပြားကာ အခက်အခဲများနှင့်ကြုံနေခဲ့ရသည်။လယ်ရိတ်ပြီးချိန်တွင် မိုးရွာသွန်းခြင်းကြောင့်  ရိတ်ပြီးသား ကောက်လှိုင်းများ မိုးမိကာ သယ်ယူရခက်ခဲသည့်အခြေအနေနှင့်ကြုံတွေ့ရသည့်အတွက် ရာသီဥတုပြန်လည်ကောင်းမွန်လာချိန်လယ် ကွက်အတွင်း မိုးကာခင်းကာ ကောက်လှိုင်းရိုက်သည့်စနစ်ကို ကျင့်သုံးနေရကြောင်း သိရသည်။

 

1

 

အချိန်အခါမဲ့မိုးကြောင့် လယ်ကွက်အတွင်းရှိ မရိတ်ရသေးသော လယ်များမှာ ရိတ်သိမ်းချိန်လွန်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ရိတ်သိမ်းပြီးလယ်များမှာ သယ်ယူမှုခက်ခဲသွားခဲ့သည်။ လက်ရှိကာလ ရာသီဥတုကောင်းမွန်လာချိန်အများစုသော စပါးများမှာ လယ်ကွက်အတွင်း ကြွေကျမှုများကာ လေလွင့်ဆုံးရှုံးမှုများခြင်း၊ စပါးအရည်အသွေး ကျဆင်းများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

 

တိမ်လွှာ