အိုလံပစ်သင်္ချာ

၁၀ ဇန်နဝါရီ

 

သင်္ချာဉာဏ်စွမ်းရည် တိုးတက်လိုသူများအတွက် အောင်နိုင်သူအယ်ဒီတာ အဖွဲ့က စီစဉ်ထုတ်ဝေသည့် အိုလံပစ်သင်္ချာစာအုပ် ထွက်ရှိလာသည်။

 

6

 

အဆိုပါစာအုပ်တွင် ကျောင်းသား ကျောင်းသူများအတွက် သမားရိုးကျ မဟုတ်သော ပုစ္ဆာများကို ဖြေရှင်းသည့်နည်းလမ်းများကို ဖော်ပြထားသည်။ နားလည်လွယ်ကူနိုင်မည့် နည်းလမ်းများ ရှင်းပြချက်ဖြင့် တိကျစွာဖော်ပြထား သည်။ အခန်းတစ်ခန်းချင်းစီတွင် သမားရိုးကျမဟုတ်သော ပုစ္ဆာများကို မည်သို့ဖြေရှင်းရမည်ဆိုသော နည်းလမ်းများကို ဥပမာနှင့်တကွ ဖော်ပြ ထားသည်။ အဆိုပါစာအုပ်ကို လေ့လာပြီးပါက သင်္ချာပုစ္ဆာများကို ဖြေရှင်း ရာတွင် ယုံကြည်မှုရှိစွာဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်။


ကြေးမုံ စာအုပ်စင်